back

မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး အလွယ်တကူ ဝင်ရောက်နေ၍ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့် လူငယ်များ ပိုမိုပါဝင်လာ

Jul 24 • 6:47 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး အလွယ်တကူ ဝင်ရောက်နေ၍ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့် လူငယ်များ ပိုမိုပါဝင်လာ

မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ အလွယ်တကူ ဝင်ရောက်ရောင်းဝယ်နေသည့် အနေအထားရှိနေသဖြင့် သုံးစွဲသူများတွင် အသက်မပြည့်သေးသည့် လူငယ်များ ပိုမိုပါဝင်လာကြောင်း လူငယ်အ...

မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ အလွယ်တကူ ဝင်ရောက်ရောင်းဝယ်နေသည့် အနေအထားရှိနေသဖြင့် သုံးစွဲသူများတွင် အသက်မပြည့်သေးသည့် လူငယ်များ ပိုမိုပါဝင်လာကြောင်း လူငယ်အရေး လှုပ်ရှားသူများနှင့် ဒေသခံများထံမှ သိရသည်။ကလပ်၊ ဘားနှင့် KTV ကဲ့သို့ နိုက်ကလပ်/အပန်းဖြေနေရာများတွင် လူငယ်များကို အဓိကထား၍ အလွယ်တကူ ရောင်းချနေကြပြီး၊ သုံးစွဲသည့် လူငယ်များအကြား အချင်းချင်း ပြန်လည်ဖြန့်ဝေမှုများပင် ရှိနေသည်။ဒေသခံများ၏ ပြောကြားချက်အရ မူးယစ်ဆေးဝါး ဝင်ရောက်မှု ပိုမိုများပြားလာသော်လည်း ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမှုများ မရှိဘဲ လစ်ဟင်းနေသဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍ ထိရောက်စွာ ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အသံတိတ်မနေဘဲ ကိုင်တွယ်ပေးကြရန် တိုက်တွန်းထားကြသည်။

news-view-count-icon

20