back

စစ်ကိုင်းမြို့ မြစ်ကမ်းဘေးရှိ ရာအိမ်နှင့် ကျောင်းတိုက်များအတွင်း ဧရာဝတီမြစ်ရေတက်မှုကြောင့် မြွေများ ဝင်ရောက်မှု များပြား

Jul 24 • 2:17 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းမြို့ မြစ်ကမ်းဘေးရှိ ရာအိမ်နှင့် ကျောင်းတိုက်များအတွင်း ဧရာဝတီမြစ်ရေတက်မှုကြောင့် မြွေများ ဝင်ရောက်မှု များပြား

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် စစ်ကိုင်းမြို့ရှိ မြစ်ကမ်းဘေးအနီး ရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ဘုန်းကြီးကျောင်းများအတွင်းသို့ မြွေများ နေ့စဉ်လိုလို ဝင်...

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် စစ်ကိုင်းမြို့ရှိ မြစ်ကမ်းဘေးအနီး ရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ဘုန်းကြီးကျောင်းများအတွင်းသို့ မြွေများ နေ့စဉ်လိုလို ဝင်ရောက်မှု ဖြစ်ပွားနေကြောင်း ထုံးဘို အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ဇူလိုင် ၁၉ ရက်မှ ၂၃ ရက်အတွင်း စစ်ကိုင်းမြို့ရှိ ပန်းပဲတန်းမြစ်ရေတင် ရေစက်၊ ပါရမီရပ်ကွက် သာသနာ့သီရိကျောင်းတိုက်၊ မိုးဇလ ဝန်ထမ်းအိမ်ရာနှင့် သောတာပန်ရပ်ကွက်တို့ရှိ နေအိမ်များအတွင်း သို့ စပါးအုန်းမြွေနှင့် လင်းမြွေများ အသီးသီး ဝင်ရောက်ခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ဖမ်းဆီးကာ ဘေးလွတ်ရာသို့ လွှတ်ပေးခဲ့ရသည်။မြစ်ရေတက်ချိန်တွင် မြွေများ၏ ခိုလှုံရာနေရာများ ရေမြုပ်သွားခြင်းနှင့် ရေစီးအတိုင်း မျောပါလာခြင်းတို့ကြောင့် ရေလွတ်ရာ နေအိမ်များသို့ ရောက်ရှိလာခြင်းဖြစ်၍ မြစ်ကမ်းဘေးနေ ပြည်သူများအနေဖြင့် အိမ်ပတ်ဝန်းကျင် ချုံနွယ်များရှင်းလင်းထားရန်၊ အပေါက်များနှင့် ရေမြောင်းများကို ပိတ်ထားရန်နှင့် မြွေတွေ့ရှိပါက ကိုယ်တိုင်မဖမ်းဘဲ ကယ်ဆယ်ရေးအဖွဲ့များထံ အကူအညီတောင်းခံကြရန် အသိပေးထားသည်။

news-view-count-icon

31