နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ဇူလိုင် ၂၂ ရက်နှင့် ၂၃ ရက်တို့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကျေးရွာအချို့ရှိ စေတီပုထိုးတော်များနှင့် အုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။ပျက်စီးမှုများတွင် ဆည်စုကျေးရွာ ဂူနှစ်လုံးကုန်းတော်ပေါ်ရှိ ဉာဏ်တော် ပေ ၃၀ မြင့် စေတီတစ်ဆူ၊ ရွှေဝါမြိုင်ဟိတဓရ တက္ကသီလာ ကျောင်းတိုက်ရှိ စေတီ ၈ ဆူ၊ နှင့် ရွှေခဲအင်း ဘုန်းတော်ကြီးကျောင်း၏ အရှည် ပေ ၁၃၈ ပေခန့်ရှိ အုတ်နံရံ ခြံစည်းရိုးတို့ ပြိုကျခဲ့ခြင်း ဖြစ်သည်။ထို့ပြင် ရအောင်းချောင်းရေ မြင့်တက်လာမှုကြောင့် အ.ထ.က(ခွဲ)(ရွာသစ်) စာသင်ကျောင်းအတွင်းသို့ ရေဝင်ရောက်ခဲ့သဖြင့် ကျောင်းအား ခေတ္တ ပိတ်ထားခဲ့ရကြောင်း သိရသည်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စေတီတော်များ ပြိုကျပြီး ကျောင်းတစ်ကျောင်း ခေတ္တ ပိတ်ထားရ
Jul 24 • 2:41 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 26 | 0 | 0 | 0 |


