ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ပြုလုပ်ခဲ့သည့် (၂၀) ကြိမ်မြောက် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲအရ မြန်မာအမျိုးသမီးအသင်းသည် အုပ်စု (B) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ် အသင်းတို့နှင့်အတူ ကျရောက်ခဲ့သည်။ကျန်အုပ်စုများတွင် အုပ်စု (A) ၌ အိမ်ရှင် ဂျပန်၊ တရုတ်တိုင်ပေ၊ ဗီယက်နမ်၊ ထိုင်းတို့ ပါဝင်ပြီး အုပ်စု (C) ၌ တရုတ်၊ ဖိလစ်ပိုင်၊ ဥဇဘက်ကစ္စတန်နှင့် ဟောင်ကောင်တို့ ပါဝင်ကြသည်။ မြန်မာနှင့် ထိုင်းအသင်းတို့သည် ၂၀၂၆ အာရှဖလား ခြေစစ်ပွဲ မအောင်မြင်ခဲ့သော်လည်း နုတ်ထွက်သွားသည့် အသင်းများနေရာတွင် အစားထိုး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။အဆိုပါ ပြိုင်ပွဲကို အသင်း ၁၂ သင်းအား ၃ အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ကာ အုပ်စု ပထမ၊ ဒုတိယ အသင်းများနှင့် အကောင်းဆုံး အုပ်စုတတိယ ၂ အသင်းတို့ ကွာတားဖိုင်နယ်သို့ တက်ရောက်ခွင့် ရရှိကြမည်ဖြစ်သည်။ ၂၀၂၆ အာရှအားကစားပြိုင်ပွဲကို ဂျပန်နိုင်ငံ နာဂိုယာမြို့နှင့် အီချီမြို့တို့တွင် စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အမျိုးသမီး ဘောလုံးပြိုင်ပွဲများကိုမူ စက်တင်ဘာ ၁၄ ရက်၌ စတင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသမီးအသင်း တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် အုပ်စု (B) တွင် ကျရောက်
Jul 24 • 2:15 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


