back

လာအိုနိုင်ငံ၌ ဆေးကုသစရိတ်များ မြင့်တက်လာသဖြင့် ကျန်းမာရေးကဏ္ဍတွင် အသုံးစရိတ် ပိုမိုတိုးမြှင့်ရန် ကမ္ဘာ့ဘဏ် တိုက်တွန်း

Jul 24 • 2:14 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအိုနိုင်ငံ၌ ဆေးကုသစရိတ်များ မြင့်တက်လာသဖြင့် ကျန်းမာရေးကဏ္ဍတွင် အသုံးစရိတ် ပိုမိုတိုးမြှင့်ရန် ကမ္ဘာ့ဘဏ် တိုက်တွန်း

လာအိုနိုင်ငံ၏ ဆေးကုသစရိတ်များ မြင့်တက်လာခြင်းနှင့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု အသုံးပြုမှု လျော့ကျလာခြင်းတို့ကြောင့် အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍတွင် ဘဏ္ဍာငွ...

လာအိုနိုင်ငံ၏ ဆေးကုသစရိတ်များ မြင့်တက်လာခြင်းနှင့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု အသုံးပြုမှု လျော့ကျလာခြင်းတို့ကြောင့် အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍတွင် ဘဏ္ဍာငွေ ပိုမိုသုံးစွဲရန် လိုအပ်ကြောင်း ကမ္ဘာ့ဘဏ် (World Bank) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ လက်ရှိတွင် လာအိုနိုင်ငံ၏ ပြည်သူ့ကျန်းမာရေး အသုံးစရိတ်သည် အမျိုးသား ဘတ်ဂျက်စုစုပေါင်း၏ ၄ ရာခိုင်နှုန်းခန့်သာရှိပြီး ဒေသတွင်း ပျမ်းမျှအဆင့်ထက် များစွာ လျော့နည်းနေသဖြင့် မိသားစုအများအပြားမှာ ဆေးကုသစရိတ် ကိုယ်တိုင် ကျခံနေရသည့် ဝန်ထုပ်ဝန်ပိုးနှင့် ရင်ဆိုင်နေရသည်။လာအိုနိုင်ငံ၏ ကျန်းမာရေး ကဏ္ဍကို မြှင့်တင်ရန်အတွက် ၂၀၃၀ ပြည့်နှစ်တွင် ကျန်းမာရေး အသုံးစရိတ်ကို အမျိုးသား ဘတ်ဂျက်၏ ၉ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုကို ပိုမို ဦးစားပေးရန်နှင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှုများကို တိုးမြှင့် ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်က အကြံပြုထားသည်။ ထို့ပြင် ကျန်းမာရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းသည် နိုင်ငံ၏ ရေရှည် စီးပွားရေး တိုးတက်မှုနှင့် လူထု၏ ကုန်ထုတ်စွမ်းအားအတွက် အဓိက အုတ်မြစ်ဖြစ်ကြောင်းလည်း သုံးသပ်ထားသည်။

news-view-count-icon

15