ရန်ကုန်မြို့ရှိ အိမ်ရာတစ်ခုအတွင်း အိပ်ပျော်နေသည့် ၁၅ နှစ်အရွယ် သမီးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ အသက် ၃၈ နှစ်အရွယ် အောင်ကျော်စိုး (ခ) အင်ဂျင်ဝိုင် အား မရမ်းကုန်းခရိုင် တရားရုံးက ဇူလိုင် ၂၃ ရက်တွင် မသေမချင်း ကြိုးကွင်းစွပ် သတ်စေရန် သေဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ဖြစ်စဉ်မှာ လွန်ခဲ့သည့် ဇွန် ၁၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူအား မရမ်းကုန်းခရိုင် တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)(ဂ) အရ သေဒဏ် အမိန့်ချမှတ်ခဲ့သည့်အပြင် အဆိုပါ အိမ်ရာအတွင်းရှိ အခြားအိမ်တစ်အိမ်မှ ပစ္စည်းများ ဝင်ရောက် ခိုးယူခဲ့မှုများအတွက်လည်း ရာဇသတ်ကြီး ပုဒ်မ ၃၈၀/၇၅ အရ ထောင်ဒဏ် ၇ နှစ်နှင့် ပုဒ်မ ၄၅၇ အရ ထောင်ဒဏ် ၇ နှစ် သီးခြားစီ ထပ်မံ ပြစ်ဒဏ် ချမှတ်ခဲ့သည်။
Jul 24 • 1:49 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 22 | 0 | 0 | 0 |


