back

ပြည်တွင်းရှိ ကုန်တင်ယာဉ်များ သတ်မှတ်အမြင့်ပေထက် ပိုမတင်ရန် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး အသင်း သတိပေး

Jul 24 • 1:50 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းရှိ ကုန်တင်ယာဉ်များ သတ်မှတ်အမြင့်ပေထက် ပိုမတင်ရန် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး အသင်း သတိပေး

ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနေဖြင့် ကုန်စည်များ တင်ဆောင်ရာတွင် သတ်မှတ် အမြင့်ပေထက် ပိုမိုတင်ဆောင်ခြင်း မပြုကြရန် မြ...

ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနေဖြင့် ကုန်စည်များ တင်ဆောင်ရာတွင် သတ်မှတ် အမြင့်ပေထက် ပိုမိုတင်ဆောင်ခြင်း မပြုကြရန် မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက သတိပေးချက် ထုတ်ပြန်ထားသည်။၁၁ ကေဗွီ (11KV) ဓာတ်အားလိုင်းနှင့် မြေပြင်အကွာအဝေးမှာ ၁၉ ပေသာ ရှိသော်လည်း ကုန်တင်ယာဉ်များ သတ်မှတ်အမြင့်ပေထက် ပိုမိုသယ်ဆောင်လာခြင်းနှင့် ဓာတ်အားလိုင်းများအောက်တွင် သတိလက်လွတ် ရပ်နား လုပ်ကိုင်ကြခြင်းတို့ကြောင့် ဓာတ်လိုက်မှု ဖြစ်စဉ်များ ဖြစ်ပွားနေခြင်းဖြစ်သည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း မေလနှင့် ဇွန်လများက ကားခေါင်မိုးပေါ်တွင် ဓာတ်လိုက်သေဆုံးမှု ဖြစ်စဉ် ၂ ခု ဖြစ်ပွားခဲ့ပြီးဖြစ်၍ လုပ်ငန်းရှင်များနှင့် ယာဉ်မောင်းများအနေဖြင့် လျှပ်စစ်အသိ၊ လျှပ်စစ်သတိဖြင့် သတ်မှတ်အမြင့်ပေထက် ပိုမတင်ကြရန်နှင့် ဓာတ်အားလိုင်းအောက် လုပ်ငန်းဆောင်ရွက်မှုများ မပြုလုပ်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။

news-view-count-icon

30