back

ကလပ်ဘရုဂေး တောင်ပံကစားသမား တီဇိုလစ်ကို အာဆင်နယ် ခေါ်ယူ

Jul 24 • 1:48 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကလပ်ဘရုဂေး တောင်ပံကစားသမား တီဇိုလစ်ကို အာဆင်နယ် ခေါ်ယူ

ပရီးမီးယားလိဂ် ထိပ်သီးကလပ် အာဆင်နယ် အသင်းသည် ကလပ်ဘရုဂေး အသင်း၏ အသက် ၂၄ နှစ်အရွယ် ဂရိ တောင်ပံကစားသမား တီဇိုလစ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ ဖြင့် ခေါ်ယူလိုက...

ပရီးမီးယားလိဂ် ထိပ်သီးကလပ် အာဆင်နယ် အသင်းသည် ကလပ်ဘရုဂေး အသင်း၏ အသက် ၂၄ နှစ်အရွယ် ဂရိ တောင်ပံကစားသမား တီဇိုလစ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ ဖြင့် ခေါ်ယူလိုက်ကြောင်း အတည်ပြု ကြေညာခဲ့သည်။အာဆင်နယ် အသင်းသည် အသင်းမှ ထွက်ခွာသွားသူ ထရိုဆက်ဒ်၏ နေရာတွင် အစားထိုးရန်အတွက် ဘယ်တောင်ပံ တိုက်စစ်ကစားသမား တီဇိုလစ်ကို ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ တီဇိုလစ်သည် ယခု နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း အာဆင်နယ်၏ ပထမဆုံး ခေါ်ယူမှု ဖြစ်လာခဲ့သည်။၎င်းသည် ပြီးခဲ့သည့် ၂၀၂၅-၂၆ ရာသီက ကလပ်ဘရုဂေး အသင်းနှင့်အတူ ဘယ်လ်ဂျီယံ အမှတ်ပေး ချန်ပီယံဆုကို ရရှိခဲ့သည့်အပြင် ဘယ်လ်ဂျီယံ လိဂ်ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်သည်။

news-view-count-icon

28