ရန်ကုန်မြို့၏ အဓိက ရေတွန်းစက်ရုံများသို့ လျှပ်စစ်ဓာတ်အား ပေးလွှတ်နေသည့် လှော်ကား ဓာတ်အားခွဲရုံ၏ Main Cable ချို့ယွင်းသွားသဖြင့် ပြင်ဆင်မှုများ ပြုလုပ်နေရသောကြောင့် မြို့နယ်အချို့တွင် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ယမန်နေ့က အသိပေးထားသည်။ လှည်းကူး ဓာတ်အားခွဲရုံမှ ယာယီ ဓာတ်အား ပြောင်းလဲ ပေးလွှတ်ထားရသော်လည်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ မရရှိသဖြင့် ရေတွန်းစက်များကို စက်စွမ်းအားပြည့် မမောင်းနှင်နိုင်ဘဲ အလှည့်ကျ မောင်းနှင်နေရကြောင်းသိရသည်။အဆိုပါ ဖြစ်စဉ်ကြောင့် ရန်ကုန်မြို့ရှိ တောင်ဥက္ကလာပ အပါအဝင် မြို့နယ်အချို့တွင် ယခုလဆန်းပိုင်းကတည်းက စည်ပင်ရေ ရက်ချီ မလာသဖြင့် သောက်သုံးရေ ဝယ်ယူ အသုံးပြုနေရကာ ပြည်သူများ အခက်တွေ့နေကြရသည်။ ရေအခက်အခဲ ရှိပါက သက်ဆိုင်ရာ ခရိုင်စည်ပင်ရုံးများသို့ ဆက်သွယ်နိုင်ကြောင်း စည်ပင်က ဆိုသော်လည်း ပြုပြင်ရေး လုပ်ငန်း မည်မျှကြာမြင့်မည်ကိုမူ အတိအကျ အသိပေးထားခြင်း မရှိသေးပါ။
Jul 24 • 1:47 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 39 | 0 | 0 | 0 |


