back

ထိုင်းနိုင်ငံ၌ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် Sirikit ရေကာတာ ရေကျချိန် မြေသားပေါ်၌ အမျိုးသမီး မျက်နှာပုံစံ ပေါ်ထွက်လာ

Jul 24 • 1:46 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၌ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် Sirikit ရေကာတာ ရေကျချိန် မြေသားပေါ်၌ အမျိုးသမီး မျက်နှာပုံစံ ပေါ်ထွက်လာ

ထိုင်းနိုင်ငံ၊ Uttaradit ပြည်နယ်၊ Tha Pla မြို့နယ်ရှိ Sirikit ရေကာတာအတွင်းမှ Chong Khao Kha မြေသားတမံတွင် ရေများ လျော့ကျသွားသဖြင့် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမ...

ထိုင်းနိုင်ငံ၊ Uttaradit ပြည်နယ်၊ Tha Pla မြို့နယ်ရှိ Sirikit ရေကာတာအတွင်းမှ Chong Khao Kha မြေသားတမံတွင် ရေများ လျော့ကျသွားသဖြင့် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် လှပသည့် အမျိုးသမီးငယ်တစ်ဦး၏ မျက်နှာသဏ္ဌာန် သဘာဝအတိုင်း ပေါ်ထွက်လာရာ လာရောက်ကြည့်ရှုသူများနှင့် စည်ကားလျက်ရှိသည်။Sirikit ရေကာတာ၏ ရေအမှတ်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၁ မီတာအထိ ကျဆင်းသွားချိန်တွင် အဆိုပါ မြေခုံ ပေါ်ထွက်လာခြင်းဖြစ်ပြီး ဒေသခံများက "Tha Pla မြေသားတမံမယ်" ဟု တင်စား ခေါ်ဝေါ်နေကြသည်။ ဒေသတွင်း ယဉ်ကျေးမှုကောင်စီ ဥက္ကဋ္ဌကလည်း သဘာဝက ဖန်တီးထားသည့် တွေ့ရခဲသော အနုပညာတစ်ခု ဖြစ်ကြောင်း ပြောကြားထားကာ အဆိုပါ ဖြစ်စဉ်မှာ ရေအမှတ် ပြန်မတက်မီ အချိန်တိုအတွင်းသာ တွေ့မြင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

news-view-count-icon

21