menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

မန္တလေးမြို့၌ လေပြင်းတိုက်ခတ်၍ သစ်ပင်နှင့် ဓာတ်တိုင်များ လဲကျ

Jul 24 • 1:36 AM

breaking-news

မြန်မာ

မန္တလေး

မျှဝေမည်

share-news
cover

မန္တလေးမြို့၌ လေပြင်းတိုက်ခတ်၍ သစ်ပင်နှင့် ဓာတ်တိုင်များ လဲကျ

မန္တလေးမြို့တွင် ဇူလိုင် ၂၃ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ခဏတာ ရွာသွန်းခဲ့မှုကြောင့် သစ်ပင်များနှင့် ဓာတ်တိုင်အချို့ လဲကျ ပျက်စီးမှုများ ဖြစ...

cover-photo

မန္တလေးမြို့တွင် ဇူလိုင် ၂၃ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ခဏတာ ရွာသွန်းခဲ့မှုကြောင့် သစ်ပင်များနှင့် ဓာတ်တိုင်အချို့ လဲကျ ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်တွင် ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးမီးပွိုင့်အနီး ကုက္ကိုပင် လဲကျခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက် ရှင်းလင်းခဲ့ရသည်။ ထို့ပြင် အမရပူရမြို့နယ် ကျော်အောင်စံထားကျောင်းရှေ့တွင်လည်း သစ်ပင်တစ်ပင်သည် ဓာတ်ကြိုးပေါ်သို့ လဲကျရာမှ ဓာတ်တိုင်ပါ လဲကျသွားခဲ့သဖြင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ စံပြမေတ္တာအသင်းနှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြသည်။လေပြင်းတိုက်ခတ်သည့် အချိန်တိုတောင်းခဲ့သော်လည်း အချို့မြို့နယ်များတွင် လျှပ်စစ်ဓာတ်အား ခေတ္တ ပြတ်တောက်ခြင်းနှင့် လမ်းပေါ်သို့ သစ်ကိုင်းများ ကျိုးကျခြင်းတို့ ရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

22

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ယူအေအီးနိုင်ငံတွင် အိန္ဒိယ ပတ်စပို့ ဝန်ဆောင်မှုစင်တာ ၁၆ ခုကို Alhind က စတင်တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိ

ထိုင်းနိုင်ငံ မယ်ဆိုင်နယ်စပ်တွင် တရားမဝင် မြန်မာတက္ကစီများအား ထိုင်းရဲတပ်ဖွဲ့မှ အရေးယူရှင်းလင်း

cover-photo
right-arrow-icon