back

ရှမ်းပြည်နယ်၊တောင်ကြီးတက္ကသိုလ် အဝေးသင်ကျောင်းသားများ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စီးပွားရေးဖိအားနှင့် ကြုံတွေ့နေရ

Jul 23 • 7:49 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊တောင်ကြီးတက္ကသိုလ် အဝေးသင်ကျောင်းသားများ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စီးပွားရေးဖိအားနှင့် ကြုံတွေ့နေရ

ရှမ်းပြည်နယ်၌ ကုန်ဈေးနှုန်းများ မြင့်တက်လာမှုနှင့်အတူ ကျူရှင်ခ၊ အဆောင်ခနှင့် စားသောက်စရိတ်များ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခြင်းကြောင့် တောင်ကြီးတက္ကသိုလ် အဝေးသ...

ရှမ်းပြည်နယ်၌ ကုန်ဈေးနှုန်းများ မြင့်တက်လာမှုနှင့်အတူ ကျူရှင်ခ၊ အဆောင်ခနှင့် စားသောက်စရိတ်များ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခြင်းကြောင့် တောင်ကြီးတက္ကသိုလ် အဝေးသင်ကျောင်းသားများ ပညာသင်ကြားရေးတွင် စီးပွားရေးဖိအား ပိုမိုကြုံတွေ့နေရကြောင်း သိရသည်။တောင်ကြီးတက္ကသိုလ် အဝေးသင်ကျောင်းသား အများစုမှာ အလုပ်တစ်ဖက်ဖြင့် စာသင်ယူနေကြရသူများဖြစ်၍ စာမေးပွဲနီးကပ်ချိန်တွင် အပြင်ကျူရှင်များကို အဓိက အားကိုးနေကြရသည်။ ယခင်နှစ်များက ကျူရှင်ခ ကျပ်နှစ်သိန်းဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုနှစ်တွင် ဘာသာရပ်နှင့် သင်တန်းအပေါ်မူတည်၍ ကျပ်သုံးသိန်းမှ သုံးသိန်းခွဲအထိ မြင့်တက်လာသည်။ ထိုသို့ စရိတ်များ အဆမတန် မြင့်တက်လာမှုကြောင့် အချို့ကျောင်းသားများမှာ ကျူရှင်မတက်နိုင်တော့ဘဲ အနီးကပ်သင်တန်းများကိုသာ ပြောင်းလဲတက်ရောက်ခြင်း သို့မဟုတ် သူငယ်ချင်းများထံမှ စာမှတ်စုများ ကူးယူ၍ ကိုယ်တိုင် လေ့လာနေကြရသည်။ ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အဝေးသင်ကျောင်းသားများ၏ စီးပွားရေး အခြေအနေကို ထည့်သွင်းစဉ်းစားပေးရန်နှင့် ကျောင်းသားအဆောင်များ စနစ်တကျ စီစဉ်ပေးခြင်းဖြင့် စရိတ်ဝန်ထုပ်ဝန်ပိုးများ လျှော့ချပေးရန် ကျောင်းသားများနှင့် မိဘများက မျှော်လင့်လျက်ရှိကြသည်။

news-view-count-icon

15