မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုခိုင်မာစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ရည်ရွယ်၍ “ဧရာဝတီ-ယန်ဇီ ရိုးရာယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးပွဲတော်” ကို လာမည့် နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ မန္တလေးမြို့၊ Mandalay Convention Center ၌ နိုင်ငံတော်အဆင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ပွဲတော်အတွက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၁ ရက်က ချမ်းအေးသာစံမြို့နယ်ရှိ ကြင်းတော်ယန် ဗုဒ္ဓဘာသာဘုရားကျောင်း၌ ပြုလုပ်ခဲ့ပြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) မန္တလေးရုံးခွဲ တာဝန်ရှိသူများက မိတ်ဆက် ရှင်းလင်းခဲ့ကြသည်။ပွဲတော်တွင် B2B Matching အစီအစဉ်များ၊ စီးပွားရေးဆိုင်ရာ စေတနာစကားဝိုင်းများ၊ MoU လက်မှတ်ရေးထိုးပွဲများအပြင် မြန်မာ့ရိုးရာ သနပ်ခါး၊ လက်ဖက်နှင့် ချိတ်လုံချည် ပြိုင်ပွဲများ၊ တရုတ်ရိုးရာ စာလုံးအလှရေးနည်း၊ စက္ကူညှပ်ပညာနှင့် ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲများကို ပါဝင်ကျင်းပသွားမည် ဖြစ်သည်။
Jul 23 • 4:36 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 19 | 0 | 0 | 0 |


