ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်း ပြီးစီးပါက မြေဈေးကွက် ဆက်လက် တက်လာမည်ဟု မျှော်လင့်ကာ လယ်မြေများကို ကျပ်သိန်းထောင်ချီ ရင်းနှီးမြှုပ်နှံ၍ အကွက်ရိုက် ရောင်းချရန် ပြင်ဆင်ခဲ့သည့် အိမ်ခြံမြေ အကျိုးဆောင်များနှင့် စီးပွားရေးသမားများမှာ လက်ရှိတွင် အဝယ်မရှိဘဲ ဈေးကွက် အေးစက်နေသဖြင့် ဝယ်ယူထားသော လယ်မြေများကို အငှားချ၍ ပြန်လည် စိုက်ပျိုးခိုင်းရမည့် အခြေအနေနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။ယခင်က ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး ဘက်ရှိ ကျပ်သိန်း ၃၀၀ ဝန်းကျင်သာရှိသော လယ်မြေနှင့် ရွာမြေများကို သိန်း ၅၀၀ မှ ၈၀၀ အထိ ပေးဝယ်၍ မြို့ပြမြေကွက်အဖြစ် ပြောင်းလဲကာ ရောင်းချရန် ကြံရွယ်ခဲ့ကြသော်လည်း လက်ရှိတွင် ရောင်းသူများက ကျပ်သိန်း ၈၀၀ မှ ၁၀၀၀၀ အထိ အဆမတန် စျေးခေါ်နေကြသဖြင့် လက်တွေ့တွင် ဝယ်ယူမည့်သူ လုံးဝ မရှိသလောက် ဖြစ်နေသည်။ ထို့ပြင် အဆိုပါ လယ်မြေအများစုမှာ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် (လန-၃၉) မကျသေးခြင်း၊ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် လက်တွန့်နေခြင်းတို့ကြောင့် စီးပွားရေးသမားများ ငွေမြုပ်နေရသည်။ထို့ကြောင့် ခွင့်ပြုချက်မရှိဘဲ မြေကွက်ရိုက်ထားသည့် လယ်မြေများ သိမ်းဆည်းခံရမည်ကို စိုးရိမ်ပြီး အဝယ်လိုက်မည့် အချိန်ကို စောင့်ဆိုင်းရင်း လယ်အငှားချခြင်း သို့မဟုတ် ကိုယ်တိုင် ပြန်လည် စိုက်ပျိုးခြင်းများကို လုပ်ဆောင်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။
ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်းပြီးသော်လည်း အဝယ်မရှိသဖြင့် မြေကွက်ဖော်ရောင်းရန် ကြံထားသူများ လယ်အငှားပြန်ချရမည့် အခြေအနေ ဖြစ်ပေါ်နေ
Jul 23 • 4:35 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 29 | 0 | 0 | 0 |


