back

ဂျပန်နိုင်ငံ၊တိုကျိုဒေသရှိ ကွန်ဒို တိုက်ခန်းသစ် ဈေးနှုန်းများ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း စံချိန်တင် မြင့်တက်

Jul 23 • 4:24 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်နိုင်ငံ၊တိုကျိုဒေသရှိ ကွန်ဒို တိုက်ခန်းသစ် ဈေးနှုန်းများ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း စံချိန်တင် မြင့်တက်

ဂျပန်နိုင်ငံ၌ ၂၀၂၆ ခုနှစ်၏ ပထမခြောက်လ (ဇန်နဝါရီမှ ဇွန်လအထိ) ကာလအတွင်း တိုကျိုမြို့တော်နှင့် အနီးနားရှိ ပြည်နယ်သုံးခု (ချီဘ၊ ခါနာဂါဝါ၊ ဆိုင်တာမ) တို့တွင် တိုက်ခန...


ဂျပန်နိုင်ငံ၌ ၂၀၂၆ ခုနှစ်၏ ပထမခြောက်လ (ဇန်နဝါရီမှ ဇွန်လအထိ) ကာလအတွင်း တိုကျိုမြို့တော်နှင့် အနီးနားရှိ ပြည်နယ်သုံးခု (ချီဘ၊ ခါနာဂါဝါ၊ ဆိုင်တာမ) တို့တွင် တိုက်ခန်းသစ် (Condominium) များ၏ ပျမ်းမျှရောင်းဈေးမှာ ယခင်နှစ် ကာလတူထက် ၁၃ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဂျပန်ယန်း ၁၀၁ ဒသမ ၃၅ သန်းအထိ ရောက်ရှိကာ ပထမခြောက်လတာ ကာလများအတွက် စံချိန်တင် မြင့်တက်ခဲ့ကြောင်း Real Estate Economic Institute ၏ ထုတ်ပြန်ချက်အရ သိရသည်။ အထူးသဖြင့် တိုကျိုမြို့၏ အဓိက ခရိုင် ၂၃ ခုတွင် ပျမ်းမျှဈေးနှုန်းမှာ ယန်း ၁၄၂ ဒသမ ၄၉ သန်းအထိ ရှိခဲ့ပြီး တည်ဆောက်ရေး စရိတ်များ ကြီးမြင့်လာခြင်းနှင့် မြေနေရာ ရှားပါးလာခြင်းတို့ကြောင့် ဈေးနှုန်းများ ဆက်လက် မြင့်တက်နေခြင်း ဖြစ်သည်အိမ်ခြံမြေ စေဈေးများ မြင့်တက်နေသော်လည်း အဆိုပါ ဒေသတစ်ခုလုံးတွင် ရောင်းချသည့် တိုက်ခန်းသစ် အရေအတွက်မှာ ၇,၉၈၉ ခန်းသာ ရှိခဲ့ပြီး ယခင်နှစ်ထက် ၀ ဒသမ ၈ ရာခိုင်နှုန်း လျော့နည်းသွားခဲ့သည်။ ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ ဆောက်လုပ်ရေး စရိတ်များ တိုးမြင့်နေဆဲဖြစ်သလို ဝယ်ယူသူများ၏ ဝင်ငွေ တိုးတက်မှုနှင့် ကုန်ဈေးနှုန်း မြင့်တက်မှုများ ဆက်လက်ဖြစ်ပေါ်နေပါက တိုကျို ဒေသ၏ အိမ်ခြံမြေ ဈေးနှုန်းများသည် အမြင့်ပိုင်းတွင်ပင် ဆက်လက် တည်ရှိနေဦးမည်ဟု ခန့်မှန်းထားကြသည်။

news-view-count-icon

18