back

ဂျပန်၌ ရာသီဥတု ပူပြင်းမှုကြောင့် အမျိုးသားများ အလုပ်ခွင်တွင် ဘောင်းဘီတိုဝတ်ရန် တိုကျိုမြို့တော်အစိုးရ တိုက်တွန်း

Jul 23 • 4:12 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်၌ ရာသီဥတု ပူပြင်းမှုကြောင့် အမျိုးသားများ အလုပ်ခွင်တွင် ဘောင်းဘီတိုဝတ်ရန် တိုကျိုမြို့တော်အစိုးရ တိုက်တွန်း

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် နွေရာသီ အပူချိန် အလွန်အမင်း မြင့်တက်လာမှုကြောင့် ရာသီဥတု ပူပြင်းမှုကို ရင်ဆိုင်နိုင်ရန်နှင့် စွမ်းအင်သုံးစွဲမှု လျှော့ချနိုင်ရန်အ...

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် နွေရာသီ အပူချိန် အလွန်အမင်း မြင့်တက်လာမှုကြောင့် ရာသီဥတု ပူပြင်းမှုကို ရင်ဆိုင်နိုင်ရန်နှင့် စွမ်းအင်သုံးစွဲမှု လျှော့ချနိုင်ရန်အတွက် အမျိုးသား ဝန်ထမ်းများကို အလုပ်ခွင်၌ ဘောင်းဘီတို ဝတ်ဆင်ကြရန် တိုကျိုမြို့တော် အစိုးရက တိုက်တွန်းထားကြောင်း သိရသည်။တိုကျိုမြို့တော် အစိုးရသည် ကုမ္ပဏီဝန်ထမ်းများကို ပုံမှန် ရုံးဝတ်စုံနှင့် လည်စည်းများအစား တီရှပ်၊ အားကစားဖိနပ်နှင့် ဘောင်းဘီတို စသည့် ပေါ့ပေါ့ပါးပါး အဝတ်အစားများ ဝတ်ဆင်ရန် တွန်းအားပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြေလျော့ပေးလိုက်သည့် စည်းမျဉ်းများကြောင့် သက်သောင့်သက်သာ အလုပ်လုပ်နိုင်၍ နှစ်သက်သူများရှိသကဲ့သို့ အမျိုးသမီးများအတွက် မတရားဟု ဝေဖန်သူများလည်း ရှိသည်။ လက်ရှိတွင် ကုမ္ပဏီအများအပြားသည် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် စွမ်းအင်ခြိုးခြံရေးကို ဦးစားပေးသည့်အနေဖြင့် ယင်းအပြောင်းအလဲများကို ပိုမို လက်ခံကျင့်သုံးလာကြသည်။

news-view-count-icon

22