မန္တလေးမြို့တွင် အိမ်ငှားခများ သိသိသာသာ မြင့်တက်လျက်ရှိသော်လည်း မကြာမီ ရောက်ရှိတော့မည့် ဝါတွင်းကာလ မတိုင်မီ အပူတပြင်း အိမ်ငှားရမ်း နေထိုင်လိုသူ များပြားလျက်ရှိကြောင်း ဒေသခံများနှင့် အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။အခြားဒေသများမှ နယ်မြေ မတည်ငြိမ်မှုကြောင့် ပြောင်းရွှေ့လာသူများ၊ နေအိမ် ကျူးကျော်အဖြစ် ဖျက်သိမ်းခံခဲ့ရသူများနှင့် ငလျင်ဒဏ်ကြောင့် နေအိမ် ပြိုကျပျက်စီးခဲ့ရသူများ စသည့် အကြောင်းအရင်းများကြောင့် မန္တလေးမြို့၌ အိမ်ငှားလိုသည့် လူဦးရေ လိုအပ်ချက်နှင့် ငှားရန်ရှိသည့် အိမ် မမျှမတ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။လက်ရှိ မန္တလေးမြို့၏ အိမ်ငှားခ ဈေးနှုန်းများမှာ ၂၀၂၁ ခုနှစ် မတိုင်မီကထက် နေရာနှင့် နေအိမ် အမျိုးအစားပေါ် မူတည်၍ ၃ ဆမှ ၁၀ ဆအထိ အဆမတန် မြင့်တက်လာခဲ့ပြီး အိမ်ရှင်များအနေဖြင့်လည်း ကာလတို ပုံစံများဖြင့်သာ ငှားရမ်းမှုများ ပြုလုပ်လာကြကြောင်း သိရသည်။
Jul 23 • 3:41 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 21 | 0 | 0 | 0 |


