ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုး-မန္တလေး ကုန်သွယ်ရေး လမ်းမကြီးပေါ်တွင် တည်ရှိပြီး ၈ လကြာ ပိတ်ဆိုင်းထားခဲ့သည့် သီပေါတံတားကို ယမန်နေ့မှ စတင်၍ ခရီးသည်များအား ပြန်လည် ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။လက်ရှိတွင် ခရီးသည်များကိုသာ ဖြတ်သန်းခွင့်ပြုထားပြီး မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် ကုန်ပစ္စည်းများကိုမူ တံတားပေါ်မှ ဖြတ်သန်းခွင့် မပြုသေးဘဲ ဖောင်ဆိပ်မှသာ သယ်ယူနေရဆဲ ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒုဋ္ဌဝတီမြစ်ကို ဖြတ်ကူးသည့် ကူးတို့လှေ တိမ်းမှောက်မှုများနှင့် လူပျောက်ဆုံးမှုများ ဖြစ်ပွားခဲ့သဖြင့် ယခုကဲ့သို့ တံတားပေါ်မှ ခရီးသည်များ ဖြတ်သန်းခွင့် ရရှိလာခြင်းကြောင့် ဒေသခံများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် သွားလာနိုင်တော့မည် ဖြစ်သည်။ အဆိုပါ သီပေါတံတား ပိတ်ထားစဉ် ကာလအတွင်း ဒေသခံများသည် မြစ်ကူးစက်လှေခအဖြစ် တစ်ဦးလျှင် ကျပ် ၅,၀၀၀ မှ ၂၀,၀၀၀ အထိ အဆမတန် ပေးဆောင်၍ စွန့်စား ကူးသန်းနေခဲ့ရခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်၊လားရှိုး-မန္တလေး ကုန်သွယ်ရေး လမ်းမကြီးပေါ်ရှိ သီပေါတံတားကို ခရီးသည်များ ဖြတ်သန်းခွင့်ပြု
Jul 23 • 3:34 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 24 | 0 | 0 | 0 |


