back

ရှမ်းပြည်နယ်၊နမ့်ဆန်-မိုင်းငေါ့ လမ်းပိုင်း ပျက်စီးမှုကြောင့် သွားလာရေး ခက်ခဲပြီး အိမ်များအတွင်းထိ ရွှံ့များ ဝင်ရောက်နေ

Jul 23 • 6:38 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊နမ့်ဆန်-မိုင်းငေါ့ လမ်းပိုင်း ပျက်စီးမှုကြောင့် သွားလာရေး ခက်ခဲပြီး အိမ်များအတွင်းထိ ရွှံ့များ ဝင်ရောက်နေ

ရှမ်းပြည်နယ်၊ နမ့်ဆန်-မိုင်းငေါ့ လမ်းပိုင်းတွင် မိုးရာသီအတွင်း ကုန်တင်ကားကြီးများနှင့် ဘတ်ဖိုးတင် ကားကြီးများ အသွားအလာ များပြားမှုကြောင့် လမ်းများ ဆိုးဆိုးရွားရ...

ရှမ်းပြည်နယ်၊ နမ့်ဆန်-မိုင်းငေါ့ လမ်းပိုင်းတွင် မိုးရာသီအတွင်း ကုန်တင်ကားကြီးများနှင့် ဘတ်ဖိုးတင် ကားကြီးများ အသွားအလာ များပြားမှုကြောင့် လမ်းများ ဆိုးဆိုးရွားရွား ပျက်စီးလျက်ရှိကြောင်း သိရသည်။အထူးသဖြင့် ပန်စရီကျေးရွာနှင့် မြို့သစ်ကျေးရွာကြား လမ်းပိုင်းတွင် ရွှံ့များ ထူထပ်နေသဖြင့် ကားသေးနှင့် ဆိုင်ကယ်များ သွားလာရန် ခက်ခဲနေပြီး အချို့နေရာများတွင် ရွှံ့များမှာ နေအိမ်များအတွင်းထိ ဝင်ရောက်လာနေသည်။ အဆိုပါ လမ်းပိုင်း ပျက်စီးမှုကြောင့် ယခင် တစ်နာရီခွဲခန့်သာ မောင်းနှင်ရသည့် ခရီးမှာ ၃ နာရီမှ ၄ နာရီအထိ ကြာမြင့်နေပြီး ကျောင်းသူ/ကျောင်းသားများ၊ ဆေးရုံပြလူနာများနှင့် ကုန်စည်ပို့ဆောင်ရေးတို့အတွက် အခက်အခဲ ဖြစ်ပေါ်ကာ ကုန်ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်။ထို့ကြောင့် လမ်းမပြင်ဆင်နိုင်သေးမီ ကာလအတွင်း တန်ချိန်များသည့် ကားကြီးများ သွားလာမှုကို ယာယီ ကန့်သတ်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

news-view-count-icon

18