back

နေပြည်တော်၊ ပျဉ်းမနားမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်၍ သတိပေး နှိုးဆော်နေ

Jul 23 • 2:17 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်၊ ပျဉ်းမနားမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်၍ သတိပေး နှိုးဆော်နေ

နေပြည်တော်၊ ပျဉ်းမနားမြို့တွင် ဇူလိုင် ၂၂ ရက် နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ငလိုက်ချောင်းအနီးရှိ မြေနိမ့်ပိုင်း ကျေးရွာများနှင့် ပ...

နေပြည်တော်၊ ပျဉ်းမနားမြို့တွင် ဇူလိုင် ၂၂ ရက် နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ငလိုက်ချောင်းအနီးရှိ မြေနိမ့်ပိုင်း ကျေးရွာများနှင့် ပျဉ်းမနားမြို့ ငလိုက်ချောင်းတံတားအနီးရှိ နေအိမ်အချို့အတွင်းသို့ ချောင်းရေများ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မိုးဆက်လက် ရွာသွန်းပါက ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရန် ဒေသခံ ပရဟိတအသင်းများက သတိပေး နှိုးဆော်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြသည်။ထို့ပြင် ယမန်နေ့ညပိုင်းတွင် ပျဉ်းမနားမြို့၊ အ.ထ.က (၃) ကျောင်းရှေ့၌ လေပြင်းတိုက်ခတ်ပြီး သစ်ပင်လဲကျမှုကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အများအပြားတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းကာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ပြီး၊ မနက်ဖြန် မွန်းတည့်ချိန်အထိ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ဝန်းကျင်တို့တွင် မိုးအသင့်အတင့်မှ သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သိရသည်။

news-view-count-icon

26