တူရကီကလပ် ဂါလာတာစာရေးအသင်းသည် မန်ချက်စတာယူနိုက်တက်အသင်း၏ ပေါ်တူဂီ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ကမ်းလှမ်းရန် စီစဉ်နေပြီး စာချုပ်ပါ သဘောတူညီချက်အရ ပေါင် ၅၆ သန်းဖြင့် ခေါ်ယူနိုင်မည့် အခွင့်အရေး ရှိနေကြောင်း သိရသည်။အသက် ၃၁ နှစ်အရွယ် ဘရူနိုဖာနန်ဒက်စ်သည် ၂၀၂၄ ခုနှစ်တွင် မန်ယူအသင်းနှင့် ၂၀၂၇ အထိ စာချုပ်သက်တမ်းတိုးခဲ့ရာ၌ စာချုပ်နောက်ဆုံးနှစ်သို့ ရောက်ရှိပါက အင်္ဂလန်ပြင်ပ ကလပ်အသင်းများသို့ ပေါင် ၅၆ သန်းဖြင့် ပြောင်းရွှေ့ခွင့်ပြုရမည်ဟူသော အချက် ပါဝင်နေခြင်းဖြစ်သည်။ မန်ယူအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်းအထိ ရရှိရန် လိုလားနေပြီး ဆော်ဒီကလပ်များကလည်း စိတ်ဝင်စားနေသော်လည်း လက်ရှိတွင် ဂါလာတာစာရေးအသင်းက မန်ယူအသင်းနှင့် စတင်ဆွေးနွေးရန် စီစဉ်နေပြီ ဖြစ်သည်။


