ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပြောင်းတန်ချိန် ၁ ဒသမ ၄ သန်း တင်ပို့ကာ အမေရိကန်ဒေါ်လာ သန်း ၃၄၀ ကျော် ရရှိရန် လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လအတွင်းက ပြောင်းတန်ချိန် ၃ သိန်းခွဲကျော် တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာ ၉၇ သန်းကျော် ရရှိခဲ့သဖြင့် ဇွန်လအတွက် လျာထားချက် ပြည့်မီကျော်လွန်ခဲ့သည်။ဇူလိုင်လအတွက် ပြောင်းတန်ချိန် ၁ သိန်းကျော် (ဒေါ်လာ ၂၆ သန်းကျော်) တင်ပို့ရန် လျာထားပြီး ယင်းလျာထားချက်၏ နှစ်ဆ တိုးမြှင့်တင်ပို့ရန် ပြောင်းပို့ကုန် လုပ်ငန်းရှင်များကို တိုက်တွန်းထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ မြန်မာ့ပြောင်းကို ထိုင်းနှင့် ဖိလစ်ပိုင် ဈေးကွက်သို့ အများဆုံး တင်ပို့နေပြီး ထိုင်းနိုင်ငံသို့ ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ်လကုန်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့် ရရှိထားသည်။
Jul 23 • 2:03 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 39 | 0 | 0 | 0 |


