ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်ရှိ ကညင်ရေလှောင်တမံတွင် ဆောင်ရွက်နေသည့် ၁၀.၅ မဂ္ဂါဝပ် ရေအားလျှပ်စစ် စီမံကိန်းကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။အဆိုပါ စက်ရုံတွင် ၃.၅ မဂ္ဂါဝပ် ထွက်ရှိမည့် တာဘိုင် ၃ လုံးဖြင့် တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ယူနစ် ၃၅ သန်းကျော် ထုတ်လုပ်ရန် လျာထားသည်။ မိုးရာသီတွင် စက်စွမ်းအားပြည့် လည်ပတ်မည်ဖြစ်ပြီး နွေရာသီတွင် စိုက်ပျိုးရေ လိုအပ်ချက်ပေါ် မူတည်၍ လျှပ်စစ် ထုတ်လုပ်သွားမည် ဖြစ်သည်။ စီမံကိန်း ပြီးစီးပါက အမျိုးသား ဓာတ်အားကွန်ရက်မှတစ်ဆင့် လစဉ် ယူနစ် ၁၀၀ သုံးစွဲသည့် အိမ်ထောင်စုပေါင်း ၁၀,၅၀၀ ခန့်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်သဖြင့် စိုက်ပျိုးရေ ပေးဝေရုံသာမက ဒေသတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကိုပါ အဓိက ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။

ဧရာဝတီတိုင်း ကညင်ရေလှောင်တမံ ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးပါက အိမ်ထောင်စု ၁၀,၀၀၀ ကျော် လျှပ်စစ်ဓာတ်အား ရရှိမည်ဖြစ်
Jul 23 • 2:31 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 31 | 0 | 0 | 0 |


