back

ထိုင်းနိုင်ငံ၊ဘန်ကောက် ပရာတူနမ်ရှိ နာမည်ကြီး ကုန်တိုက်များကိုဝင်ရောက်စစ်ဆေးရာ မြန်မာလုပ်သားများအပါအဝင် ၃၅ ဦး ဖမ်းဆီးခံရ

Jul 23 • 1:57 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ဘန်ကောက် ပရာတူနမ်ရှိ နာမည်ကြီး ကုန်တိုက်များကိုဝင်ရောက်စစ်ဆေးရာ မြန်မာလုပ်သားများအပါအဝင် ၃၅ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ပရာတူနမ် (Pratunam) ဒေသရှိ နာမည်ကြီး Shopping Mall များဖြစ်သည့် Platinum နှင့် Indra Square တို့တွင် တရားမဝင် ရွှေ့ပြောင်းလုပ်သားမျ...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ပရာတူနမ် (Pratunam) ဒေသရှိ နာမည်ကြီး Shopping Mall များဖြစ်သည့် Platinum နှင့် Indra Square တို့တွင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ထိုင်းအာဏာပိုင်များက ယမန်နေ့ ၌ ရုတ်တရက် ဝင်ရောက်စစ်ဆေးခဲ့သည်။အဆိုပါ စစ်ဆေးမှုအတွင်း ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်သတ်မှတ်ထားသည့် အလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေသူများ၊ အလုပ်ပါမစ် မရှိသူများနှင့် ပါမစ်စည်းကမ်းချက်နှင့် မညီဘဲ လုပ်ကိုင်နေသည့် မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် တရုတ် နိုင်ငံခြားသား စုစုပေါင်း ၃၅ ဦး (အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၁၂ ဦး) ကို ဖမ်းဆီးခဲ့သည်။ဖမ်းဆီးခံရသူများအနေဖြင့်ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ချမှတ်ခံရမည့်အပြင် မိခင်နိုင်ငံသို့ ပြည်နှင်ဒဏ် ပေးသွားမည်ဖြစ်သည်။ ထို့ပြင် တရားမဝင် အလုပ်သမား ငှားရမ်းသည့် အလုပ်ရှင်များကိုလည်း တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ရိုက်သွားမည်ဖြစ်ပြီး ထပ်မံကျူးလွန်ပါက ထောင်ဒဏ်အပါအဝင် ပိုမိုပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်သွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

news-view-count-icon

25