ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ Airport Rail Link ရထား ထိန်းသိမ်းရေးစခန်းအတွင်း ရထားကွေ့နေရာ၌ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက် ဖြစ်ပွားခဲ့သဖြင့် ရထားများ ပုံမှန်အတိုင်း မပြေးဆွဲနိုင်ကြောင်း ဇူလိုင် ၂၂ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။လက်ရှိတွင် ရထားတစ်စင်းတည်းဖြင့်သာ ယာယီ ပြေးဆွဲပေးနေရပြီး တစ်ဘူတာနှင့်တစ်ဘူတာ ကြာမြင့်ချိန်မှာ ၁ နာရီနီးပါး ကြာမြင့်မည် ဖြစ်သည်။အဆိုပါ ဖြစ်စဉ်ကြောင့် ခရီးသည်များ၏ လုံခြုံရေးကို ထိခိုက်မှု မရှိဘဲ တာဝန်ရှိသူများက ပုံမှန်အခြေအနေ သို့ ပြန်လည်ရောက်ရှိစေရန် အမြန်ဆုံး ပြုပြင် ဆောင်ရွက်လျက်ရှိသည်။ ခရီးစဉ် ကြန့်ကြာမှု မရှိစေရန်အတွက် အခြေအနေများ ပုံမှန်မဖြစ်သေးမီ စပ်ကြား အခြား အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်များကို ပြောင်းလဲ အသုံးပြုကြရန် အကြံပြုထားသည်။
ထိုင်းနိုင်ငံ၊ဘန်ကောက် Airport Rail Link ရထား ပြေးဆွဲမှု နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် ကြန့်ကြာ
Jul 23 • 1:56 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 34 | 0 | 0 | 0 |


