back

ရှမ်းပြည်နယ်၊ပင်လုံ-ကျောက်တန်းလမ်းပိုင်း၌ မိုးရွာသွန်းမှုကြောင့် မြေပြိုပြီး လမ်းများ ပျက်စီးနေ

Jul 23 • 1:55 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ပင်လုံ-ကျောက်တန်းလမ်းပိုင်း၌ မိုးရွာသွန်းမှုကြောင့် မြေပြိုပြီး လမ်းများ ပျက်စီးနေ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လုံမြို့မှ ကျောက်တန်းသို့ ဆက်သွယ်ထားသော လမ်းပိုင်းတွင် မိုးရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပေါ်ကာ ရေဆင်းမြောင်းများ ပိတ်ဆို့...

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လုံမြို့မှ ကျောက်တန်းသို့ ဆက်သွယ်ထားသော လမ်းပိုင်းတွင် မိုးရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပေါ်ကာ ရေဆင်းမြောင်းများ ပိတ်ဆို့နေကြောင်း သိရသည်။ ထိုသို့ ပိတ်ဆို့မှုကြောင့် ရေများ ကားလမ်းပေါ်သို့ လျှံကျပြီး လမ်းနှုတ်ခမ်းများ တိုက်စားခံရကာ ပျက်စီးမှုများ ဖြစ်ပေါ်နေသော်လည်း သက်ဆိုင်ရာဌာနမှ လာရောက် ပြုပြင်ထိန်းသိမ်းခြင်း မရှိသေးပေ။အဆိုပါ လမ်းပိုင်းသည် အတက်အဆင်း မတ်စောက်ပြီး အကွေ့အကောက်နှင့် လမ်းအကျဉ်းအမြောင်း များပြားသည့်အပြင် မိုးရာသီတွင် မြူထူခြင်း၊ လမ်းမျက်နှာပြင် ချော်ခြင်းနှင့် မြေပြို၍ ရွှံ့နွံများ ပါလာခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု ဖြစ်ပွားနိုင်ခြေ မြင့်မားလျက်ရှိသည်။ ထို့ပြင် အတက်အဆင်း မတ်စောက်မှုကြောင့် ယာဉ်များ အင်ဂျင် အပူလွန်ကဲခြင်းနှင့် ဘရိတ်စနစ် ချို့ယွင်းခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ယာဉ်မောင်းများနှင့် ဒေသခံများအနေဖြင့် မိမိတို့၏ မော်တော်ယာဉ်များကို သေချာစွာ စစ်ဆေးပြီးမှ သတိပြု မောင်းနှင်ကြရန် တိုက်တွန်းထားသည်။

news-view-count-icon

27