တရုတ်နိုင်ငံသည် Gravity-1 စီးပွားရေးလုပ်ငန်းသုံး သယ်ဆောင်ရေးဒုံးပျံကို ရှန်ဟိုင်းမြို့ ကမ်းရိုးတန်းအနီး ပင်လယ်ပြင်မှ အာကာသအတွင်းသို့ ဇူလိုင် ၂၂ ရက် (ယမန်နေ့) ပေကျင်းစံတော်ချိန် နံနက် ၁၀ နာရီ ၅၄ မိနစ်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။ ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဦးစီးလွှတ်တင်ခဲ့သည့် အဆိုပါ မစ်ရှင်တွင် ဒုံးပျံက ဂြိုဟ်တု ၉ စင်းကို ကြိုတင်သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းများအတွင်းသို့ အောင်မြင်စွာ ပို့ဆောင်ပေးနိုင်ခဲ့သည်။Gravity-1 သယ်ဆောင်ရေးဒုံးပျံသည် ၎င်း၏ ပွဲဦးထွက် ပျံသန်းမှုကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
Jul 23 • 1:49 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


