back

တရုတ်ရေတပ် ဆေးရုံသင်္ဘောက အာဖရိကနှင့် တောင်အာရှသို့ လူသားချင်းစာနာထောက်ထားမှု ဆေးဘက်ဆိုင်ရာ မစ်ရှင်အတွက် စတင်ထွက်ခွာ

Jul 23 • 1:48 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်ရေတပ် ဆေးရုံသင်္ဘောက အာဖရိကနှင့် တောင်အာရှသို့ လူသားချင်းစာနာထောက်ထားမှု ဆေးဘက်ဆိုင်ရာ မစ်ရှင်အတွက် စတင်ထွက်ခွာ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ ဆေးရုံသင်္ဘော Auspicious Ark သည် အာဖရိကနှင့် တောင်အာရှနိုင်ငံများတွင် လူသားချင်းစာနာထောက်ထားမှု ဆေးဘက်ဆိုင်ရာ ဝန်...

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်၏ ဆေးရုံသင်္ဘော Auspicious Ark သည် အာဖရိကနှင့် တောင်အာရှနိုင်ငံများတွင် လူသားချင်းစာနာထောက်ထားမှု ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်ရန်အတွက် ဇူလိုင် ၂၂ ရက်တွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်၊ ချင်းသောင်မြို့ ဆိပ်ကမ်းမှ စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။အဆိုပါ Mission Harmony-၂၀၂၆ မစ်ရှင်သည် ၂၀၁၀ ပြည့်နှစ်မှစ၍ ၁၂ ကြိမ်မြောက် ဆောင်ရွက်သည့် မစ်ရှင်ဖြစ်ပြီး ရက်ပေါင်း ၂၀၀ ကျော် ကြာမြင့်မည် ဖြစ်သည်။ သင်္ဘောပေါ်ပါ အမှုထမ်းများသည် ခရီးစဉ်အတွင်း အာဖရိကနှင့် တောင်အာရှနိုင်ငံများစွာသို့ သွားရောက်ကာ ဒေသခံပြည်သူများအား အခမဲ့ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ ပံ့ပိုးပေးမည့်အပြင် ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဆက်ဆံမှုများကိုပါ ဆောင်ရွက်သွားမည် ဖြစ်သည်။

news-view-count-icon

20