မကွေးတိုင်းဒေသကြီးအတွင်း ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်းကြိုးများကို ဝန်အားနှစ်ဆကျော် သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံ ဓာတ်အားလိုင်းကြိုးများဖြင့် ပြောင်းလဲတပ်ဆင်မည်ဖြစ်၍ မြို့ ၅ မြို့တွင် ၃ ရက်ဆက်တိုက် နေ့စဉ် ၁၂ နာရီကြာ ယာယီ ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၆၆ ကေဗွီ တောင်တွင်းကြီး–သစ်ရာကောက် ဓာတ်အားလိုင်းနှင့် တောင်တွင်းကြီး–မြို့သစ် ဓာတ်အားလိုင်းတို့ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ယာယီ ဓာတ်အားပိတ်ထားမည်ဖြစ်သည်။ ထို့ကြောင့် မြင်ကွန်းမြို့၊ မိကျောင်းရဲမြို့၊ သစ်ရာကောက်မြို့၊ မြို့သစ်မြို့နှင့် နတ်မောက်မြို့တို့ရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းအတွင်းရှိ မြို့ ၅ မြို့၌ ဓာတ်အားလိုင်းကြိုး လဲလှယ်မည်ဖြစ်၍ ၃ ရက်ဆက်တိုက် နေ့စဉ် ၁၂ နာရီကြာ မီးပျက်မည်ဖြစ်
Jul 23 • 1:47 AM
မြန်မာ
မကွေး
မျှဝေမည်
| 31 | 0 | 0 | 0 |


