အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်များကို လျှော့ချနိုင်ရန် ရည်ရွယ်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် စက်ရုံစီမံကိန်းများကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။ နေရောင်ခြည်နှင့် လေစွမ်းအင် စသည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံး စက်ရုံများကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ရန် တွန်းအားပေး ဆောင်ရွက်နေပြီး ရေအားလျှပ်စစ် စီမံကိန်းများကိုမူ ဘဏ္ဍာငွေ ဆက်လက် တောင်းခံကာ နယ်မြေအခြေအနေအရ ဆောင်ရွက်သွားမည် ဖြစ်သည်။လက်ရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်နေသည့် ရေအားလျှပ်စစ် စီမံကိန်းများထဲမှ အထက်ကျိုင်းတောင်း စီမံကိန်းမှာ ၉၅ ရာခိုင်နှုန်း၊ သူဌေး စီမံကိန်းမှာ ၈၂ ဒသမ ၆၁ ရာခိုင်နှုန်း၊ အထက်ရဲရွာ စီမံကိန်းမှာ ၅၃ ဒသမ ၉၅ ရာခိုင်နှုန်း၊ ရွှေလီ ၃ စီမံကိန်းမှာ ၁၂ ဒသမ ၉၂ ရာခိုင်နှုန်းနှင့် အလယ်ပေါင်းလောင်း စီမံကိန်းမှာ ၈ ဒသမ ၇၀ ရာခိုင်နှုန်း အသီးသီး ပြီးစီးနေပြီဖြစ်သည်။ထို့ပြင် မဟာဓာတ်အားလိုင်း မရောက်ရှိသေးသည့် ဒေသများတွင် ပင်မဓာတ်အားခွဲရုံများ တိုးချဲ့ တည်ဆောက်ခြင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၌ ဓာတ်အားဖြန့်ဖြူးရေးစနစ် တိုးတက် ကောင်းမွန်ရေး လုပ်ငန်းများကို ဘဏ္ဍာရေးနှစ် စီမံကိန်းအလိုက် လျာထား ဆောင်ရွက်သွားမည် ဖြစ်သည်။
Jul 23 • 1:46 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 52 | 0 | 0 | 0 |


