ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME One Stop Service ရုံးကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်ရှိ အမှတ် (၃၅) နေရာ၌ ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ရုံးဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး MSME Agency ဥက္ကဋ္ဌ ဝန်ကြီး ဒေါက်တာမျိုးသော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ One Stop Service ရုံးကို နိုင်ငံတော်၏ ရက် (၁၀၀) စီမံချက်နှင့်အညီ MSME လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းပေးရန်နှင့် လုပ်ငန်းမှတ်ပုံတင်၊ လိုင်စင်၊ ချေးငွေ၊ နည်းပညာစံချိန်စံညွှန်း၊ သင်တန်းများနှင့် ဈေးကွက်ချိတ်ဆက်မှု စသည့် ဌာနဆိုင်ရာ ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် (Single Window Service) လွယ်ကူမြန်ဆန်စွာ ရရှိနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
| 43 | 0 | 0 | 0 |


