back

U-12 Junior Soccer World Challenge 2026 အတွက် မြန်မာ ယူ-၁၂ အသင်း ပဏာမကစားသမား ၂၃ ဦး စာရင်းထုတ်ပြန်

Jul 22 • 12:37 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

U-12 Junior Soccer World Challenge 2026 အတွက် မြန်မာ ယူ-၁၂ အသင်း ပဏာမကစားသမား ၂၃ ဦး စာရင်းထုတ်ပြန်

ဂျပန်နိုင်ငံတွင် လာမည့် ဩဂုတ်လအတွင်း ကျင်းပမည့် U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၂ အသင်း၏ ပဏာမကစားသမား ၂၃ ...

ဂျပန်နိုင်ငံတွင် လာမည့် ဩဂုတ်လအတွင်း ကျင်းပမည့် U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၂ အသင်း၏ ပဏာမကစားသမား ၂၃ ဦး စာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ထုတ်ပြန်လိုက်သည်။ အဆိုပါ ပဏာမအသင်းကို ဇူလိုင် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ရန်ကုန်နှင့် မန္တလေး ဘောလုံးအကယ်ဒမီများ၌ ကျင်းပခဲ့သည့် ကစားသမား ရွေးချယ်ပွဲများမှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၂၅ ရက်မှစ၍ လေ့ကျင့်ရေးစခန်း ဝင်ရောက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လူငယ်ကစားသမားများ နိုင်ငံတကာ အတွေ့အကြုံ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်မှစတင်ကာ အဆိုပါပြိုင်ပွဲသို့ စေလွှတ်ခဲ့ရာ ယခုနှစ်မှာ စတုတ္ထအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

30