back

အမျိုးသားများ အလုပ်ခွင်တွင် ဘောင်းဘီတိုဝတ်ရန် ဂျပန်အစိုးရ တိုက်တွန်း

Jul 22 • 12:34 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

အမျိုးသားများ အလုပ်ခွင်တွင် ဘောင်းဘီတိုဝတ်ရန် ဂျပန်အစိုးရ တိုက်တွန်း

ရာသီဥတု အလွန်အမင်း ပူပြင်းလာမှုကြောင့် တိုကျိုမြို့တော် အစိုးရက ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် စွမ်းအင် ခြိုးခြံရေးအတွက် အမျိုးသား ဝန်ထမ်းများအနေဖြင့် ပုံမှန်ဝတ်စ...

ရာသီဥတု အလွန်အမင်း ပူပြင်းလာမှုကြောင့် တိုကျိုမြို့တော် အစိုးရက ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် စွမ်းအင် ခြိုးခြံရေးအတွက် အမျိုးသား ဝန်ထမ်းများအနေဖြင့် ပုံမှန်ဝတ်စုံနှင့် လည်စည်းများအစား တီရှပ်၊ အားကစားဖိနပ်နှင့် ဘောင်းဘီတို အစရှိသည့် ပေါ့ပေါ့ပါးပါး အဝတ်အစားများ ပြောင်းလဲဝတ်ဆင်ကြရန် တိုက်တွန်းလိုက်သည်။ အဆိုပါ ဖြေလျော့ပေးမှုကို သက်သောင့်သက်သာ ဖြစ်စေသည့်အတွက် ကြိုဆိုသူများရှိသကဲ့သို့ အမျိုးသမီးများအတွက်မူ မတရားကြောင်း ဝေဖန်သူများလည်း ရှိနေသည်။ အပူလှိုင်းဒဏ် ဆိုးရွားစွာ ကြုံတွေ့နေရချိန်တွင် ကုမ္ပဏီများနှင့် အဖွဲ့အစည်း အများအပြားကလည်း ဝန်ထမ်းများ အပူဒဏ်ခံနိုင်ရေးနှင့် လေအေးပေးစက် စွမ်းအင်သုံးစွဲမှု လျှော့ချနိုင်ရေးတို့အတွက် ယခုကဲ့သို့ အဝတ်အစား ဝတ်ဆင်မှု စည်းမျဉ်းဖြေလျော့ပေးခြင်းများကို ပိုမိုလက်ခံ ဆောင်ရွက်လာကြကြောင်း သိရသည်။

news-view-count-icon

19