ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ မြဝတီမင်းကြီးလမ်းတွင် ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီ ၈ မိနစ်ခန့်က နေအိမ်အောက်ရှိ ရေကန်အတွင်း သန့်ရှင်းရေး ဆောင်ရွက်နေသည့် အမျိုးသား ၂ ဦး သတိမေ့မျောနေကြောင်း သတင်းရရှိသဖြင့် ဒလမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ သွားရောက် ကူညီဆောင်ရွက်ခဲ့သည်။ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုကြောင့် အမျိုးသား ၁ ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ဒလမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း မွန်းလွဲ ၁ နာရီ ၁၉ မိနစ်အချိန်တွင် ကျန် အမျိုးသား ၁ ဦးမှာ သေဆုံးလျက် သက်ဆိုင်ရာက အလောင်းအား ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ဒလမြို့နယ်တွင် ရေကန်သန့်ရှင်းရေးလုပ်သည့် အမျိုးသား ၂ ဦး အောက်ဆီဂျင်ပြတ်တောက်၍ သတိမေ့၊ ၁ ဦး သေဆုံး
Jul 22 • 12:33 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 29 | 0 | 0 | 0 |


