back

လူကုန်ကူးသူများ၏ လှည့်ဖြားစည်းရုံးသည့် နည်းလမ်းများ၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအကြောင်း ရန်ကုန်၌ရှင်းလင်းဆွေးနွေးမည်

Jul 22 • 12:32 PM

breaking-news

မြန်မာ

ရန်ကုန်

cover

လူကုန်ကူးသူများ၏ လှည့်ဖြားစည်းရုံးသည့် နည်းလမ်းများ၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအကြောင်း ရန်ကုန်၌ရှင်းလင်းဆွေးနွေးမည်

ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးနှင့် IOM Myanmar တို့ ပူးပေါင်း၍ “Lives Behind Scam” ကမ်ပိန်းဆွေးနွေးပွဲကို ဇူ...

ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးနှင့် IOM Myanmar တို့ ပူးပေါင်း၍ “Lives Behind Scam” ကမ်ပိန်းဆွေးနွေးပွဲကို ဇူလိုင် ၃၀ ရက် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ အမေရိကန်စင်တာ (ရန်ကုန်) ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် လူကုန်ကူးသူများ၏ လှည့်ဖြားစည်းရုံးပုံများ၊ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအကြောင်း၊ အတင်းအကျပ် ပြစ်မှုကျူးလွန်ရန် ခိုင်းစေခံရသူများအား အကာအကွယ်ပေးရေးနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို သံတမန်များနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများက ရှင်းလင်းဆွေးနွေးမည်ဖြစ်သည်။ အဆိုပါပွဲသို့ လူကိုယ်တိုင် (ကြိုတင်စာရင်းပေးသွင်း၍) သော်လည်းကောင်း၊ အွန်လိုင်းမှသော်လည်းကောင်း တက်ရောက်နားထောင်နိုင်ကြောင်း အသိပေးထားသည်။

news-view-count-icon

23