မန်စီးတီးအသင်းသည် အသက် ၂၆ နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမား ဖီးလ်ဖိုဒန်ကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းရှိသည့် စာချုပ်သစ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ ဖိုဒန်၏ မူလစာချုပ်မှာ ၂၀၂၆-၂၇ ရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း နည်းပြသစ် မာရက်စကာ၏ လက်အောက်တွင် ဆက်လက်ရှိနေရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ဖိုဒန်သည် နည်းပြဟောင်း ဂွါဒီယိုလာ လက်ထက် ၁၇ နှစ်သား အရွယ်ကတည်းက မန်စီးတီး အသင်းကြီးတွင် စတင် ပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်ပြီး ကလပ်အသင်းတွင် ၉ ရာသီကြာ ကစားခဲ့ရာ ပြိုင်ပွဲစုံ ၃၆၉ ပွဲတွင် ၁၁၀ ဂိုး သွင်းယူပေးထားသည်။ ထို့ပြင် မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ FA ဖလား ၃ ကြိမ်၊ လိဂ်ဖလား ၅ ကြိမ်အပါအဝင် အဓိက ဆုဖလား အများအပြားကို ဆွတ်ခူးရရှိထားသူလည်း ဖြစ်သည်။
| 39 | 0 | 0 | 0 |


