back

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဆိုင်ကယ်ဘေးတွဲ တပ်ဆင်အသုံးမပြုရန် အသိပေး၊ ဖောက်ဖျက်ပါက ဥပဒေအရ အရေးယူမည်ဟုဆို

Jul 22 • 12:29 PM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဆိုင်ကယ်ဘေးတွဲ တပ်ဆင်အသုံးမပြုရန် အသိပေး၊ ဖောက်ဖျက်ပါက ဥပဒေအရ အရေးယူမည်ဟုဆို

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့အတွင်း မော်တော်ဆိုင်ကယ်များကို ဘေးတွဲတပ်ဆင် အသုံးပြုခြင်း မပြုကြရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ...

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့အတွင်း မော်တော်ဆိုင်ကယ်များကို ဘေးတွဲတပ်ဆင် အသုံးပြုခြင်း မပြုကြရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၂၂ ရက်တွင် အသိပေး ထုတ်ပြန်ခဲ့သည်။ ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးရာတွင် ဘေးတွဲတပ်ဆင်ထားပါက ဆောင်ရွက်ပေးမည် မဟုတ်ဘဲ နောင်တွင် တပ်ဆင်အသုံးမပြုရန် ခံဝန်ကတိ ရေးထိုးရမည်ဖြစ်သည်။ အဆိုပါ ညွှန်ကြားချက်ကို ဖောက်ဖျက်ပါက ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၅ နှင့် ၉၆ တို့အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

19