back

ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်စေတီတော်၌ (၅၄) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့် ဝါတွင်းတရားပွဲများ ကျင်းပမည်

Jul 22 • 12:27 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်စေတီတော်၌ (၅၄) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့် ဝါတွင်းတရားပွဲများ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့်နေ့ (ဇူလိုင် ၂၉ ရက်) မှ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၂၆ ရက်) အထိ ဝါတွင...

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့်နေ့ (ဇူလိုင် ၂၉ ရက်) မှ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၂၆ ရက်) အထိ ဝါတွင်းသုံးလပတ်လုံး (၅၄) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်ပွဲနှင့် တရားပွဲများကို အပတ်စဉ် ဥပုသ်နေ့တိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ တရားပွဲများကို စေတီတော်ရင်ပြင်ရှိ ဆိပ်ကမ်းလုပ်သားများ စုပေါင်းဓမ္မာရုံ၌ ပြုလုပ်မည်ဖြစ်ပြီး ဥပုသ်နေ့တိုင်း နံနက် ၁၀ နာရီခွဲတွင် သီလပေးတရားတော် နာယူခြင်း၊ မွန်းလွဲ ၁၂ နာရီခွဲနှင့် ညနေ ၃ နာရီတို့တွင် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိပိဋကဓရ ဆရာတော်ကြီးများနှင့် နိုင်ငံကျော် ဓမ္မကထိက ဆရာတော်ကြီးများ၏ တရားတော်များကို နာယူပူဇော်နိုင်မည်ဖြစ်သည်။ ထို့ပြင် တက်ရောက်လာကြသည့် ဘုရားဖူးများနှင့် ယောဂီများအတွက် ဂေါပကအဖွဲ့နှင့် အလှူရှင်များက အာဟာရဒါနများ ကျဝယ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

20