back

ရန်ကုန်မြို့တွင်း ရေပေးဝေမှုလုပ်ငန်းစဉ်များ အမြန်ဆုံး ပုံမှန်ပြန်ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေ

Jul 22 • 12:30 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့တွင်း ရေပေးဝေမှုလုပ်ငန်းစဉ်များ အမြန်ဆုံး ပုံမှန်ပြန်ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့နေ ပြည်သူများအား သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဖြူးပေးနေသည့် လှော်ကားရေလှောင်ကန်၊ ငမိုးရိပ်ရေသန့်စင်စက်ရုံ ...

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့နေ ပြည်သူများအား သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဖြူးပေးနေသည့် လှော်ကားရေလှောင်ကန်၊ ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်) နှင့် လဂွန်းပြင်ရေသန့်စင်စက်ရုံတို့၌ ဇူလိုင်လဆန်းပိုင်းမှစ၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရေပေးဝေမှု လုပ်ငန်းများ အမြန်ဆုံး ပုံမှန်ပြန်ဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် လှည်းကူးဓာတ်အားလိုင်းမှတစ်ဆင့် ယာယီဓာတ်အား ရယူကာ ရေတွန်းစက်ကြီးများကို မောင်းနှင် ပေးလျက်ရှိပြီး ရေရရှိမှု အခက်အခဲရှိပါက သက်ဆိုင်ရာ ခရိုင်အလိုက် ဖုန်းနံပါတ်များသို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း အသိပေးထားသည်။

news-view-count-icon

28