မြန်မာနိုင်ငံငလျင်ကော်မတီသည် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးမှု ဒီဂရီကောလိပ် (ရန်ကုန်) ဝင်းအတွင်းရှိ "ဆရာမများဆောင်" အဆောက်အအုံ၏ ကြံ့ခိုင်မှုအခြေအနေကို သွားရောက်စစ်ဆေးခဲ့ကြောင်း ယနေ့တွင် အသိပေးထုတ်ပြန်သည်။ အဆိုပါကော်မတီသည် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်း၍ ရန်ကုန်မြို့ရှိ အဆောက်အအုံများ၏ ငလျင်ဒဏ်ခံနိုင်ရည် ကြံ့ခိုင်မှုကို ဆန်းစစ်စစ်ဆေးလျက်ရှိရာ ဇူလိုင်လ ပထမအပတ်ကလည်း မြို့နယ် ၃ ခုမှ ရပ်ကွက် ၃ ခု၌ Pilot Project အဖြစ် စစ်ဆေးခြင်း၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ စီမံကိန်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံငလျင်ကော်မတီက တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးမှု ဒီဂရီကောလိပ် (ရန်ကုန်) ရှိ အဆောက်အအုံ ကြံ့ခိုင်မှု အခြေအနေ စစ်ဆေး
Jul 22 • 10:22 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 20 | 0 | 0 | 0 |


