back

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုမှ ဒေါ်လာ ၆ ဒသမ ၅၅၂ သန်းရရှိ

Jul 22 • 10:21 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုမှ ဒေါ်လာ ၆ ဒသမ ၅၅၂ သန်းရရှိ

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမသုံးလတာ ကာလဖြစ်သည့် ဧပြီ ၁ ရက်မှ ဇွန်လကုန်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ပုစွန် မက်ထရစ်တန် စုစုပေါင်း ၂,၁၅၇ ဒသမ ၁၉၉ တန် တင်ပို့ခဲ့ရာမှ ပို...

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမသုံးလတာ ကာလဖြစ်သည့် ဧပြီ ၁ ရက်မှ ဇွန်လကုန်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ပုစွန် မက်ထရစ်တန် စုစုပေါင်း ၂,၁၅၇ ဒသမ ၁၉၉ တန် တင်ပို့ခဲ့ရာမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၅၂ သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။အဆိုပါ တင်ပို့မှုတွင် ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းမှ ပုစွန် မက်ထရစ်တန် ၂,၁၀၀ ဒသမ ၇၇၉ တန် (ဒေါ်လာ ၆ ဒသမ ၂၄၁ သန်း) နှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ မက်ထရစ်တန် ၅၆ ဒသမ ၄၂ တန် (ဒေါ်လာ ၀ ဒသမ ၃၁၁ သန်း) တို့ ပါဝင်သည်။ လက်ရှိတွင် မြန်မာနိုင်ငံမှ ပုစွန်၊ ငါးနှင့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တင်ပို့လျက်ရှိသည်။

news-view-count-icon

29