back

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ အလုပ်သမားများအတွက် အခွင့်အရေးများရရှိရေး ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးနေ

Jul 22 • 10:15 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ အလုပ်သမားများအတွက် အခွင့်အရေးများရရှိရေး ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးနေ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ဇူလိုင် ၂၁ ရက်က စက်ရုံအလုပ်ရုံများမှ အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံစဉ် အလုပ်သမားများ၏ အခွင့်အရေးများ ရရှိရေးအတွက် တည်ဆဲဥ...

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ဇူလိုင် ၂၁ ရက်က စက်ရုံအလုပ်ရုံများမှ အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံစဉ် အလုပ်သမားများ၏ အခွင့်အရေးများ ရရှိရေးအတွက် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။ လူမှုဖူလုံရေး အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ငွေကြေး အကျိုးခံစားခွင့်များ ရရှိအောင် ဆောင်ရွက်ပေးနေမှုအပြင် လုပ်ငန်းခွင် အေးချမ်းရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် လုပ်သားထု၏ စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှု မြှင့်တင်ရေး၊ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

21