မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကင်းတားဆည် လက်ဝဲမြောင်းမကြီးမှ ယခုနှစ် မိုးစပါးဧက ၅၂,၀၇၀ နှင့် အခြားမိုးသီးနှံ ၃,၄၉၄ ဧကအတွက် စိုက်ပျိုးရေ ပေးဝေရန် လျာထားဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် စမုံရေငုပ်ပြွန်အောက်ပိုင်းရှိ စိုက်ပျိုးဧရိယာ ၄၂,၄၃၉ ဧကကို ဇူလိုင်လ ဒုတိယပတ်မှစတင်၍ ဆည်ရေပေးဝေလျက်ရှိကြောင်း သိရသည်။ စမုံရေငုပ်ပြွန်မှတစ်ဆင့် မိတ္ထီလာလွင်ပြင်ဒေသအတွင်း တိုးချဲ့စိုက်ပျိုးမည့် ဧရိယာများကိုပါ စိုက်ပျိုးရေ တိုးချဲ့ပေးဝေသွားမည် ဖြစ်သည်။ အဆိုပါ စမုံရေငုပ်ပြွန်အသစ် ပြန်လည်တည်ဆောက်ပြီးစီးမှုကို ဇူလိုင် ၂၀ ရက်က ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများအား ဝင်ငွေရသီးနှံများ ရွေးချယ်စိုက်ပျိုးရန်နှင့် သီးနှံလေလွင့်မှုမရှိအောင် ဂရုပြုဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
Jul 22 • 10:16 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 23 | 0 | 0 | 0 |


