back

ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် ဆိုလာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် လုပ်ငန်းရှင်များ စိတ်ဝင်စား

Jul 22 • 10:14 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် ဆိုလာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် လုပ်ငန်းရှင်များ စိတ်ဝင်စား

ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်ရှိ မိတ္ထီလာ၊ သာစည်၊ နေပြည်တော်နှင့် တပ်ကုန်း မြို့အနီးတစ်ဝိုက်တို့၌ နေရောင်ခြည်စွမ်းအင် (ဆိုလာ) စီမံကိန်းများ ရင်းနှီးမြှုပ်...

ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်ရှိ မိတ္ထီလာ၊ သာစည်၊ နေပြည်တော်နှင့် တပ်ကုန်း မြို့အနီးတစ်ဝိုက်တို့၌ နေရောင်ခြည်စွမ်းအင် (ဆိုလာ) စီမံကိန်းများ ရင်းနှီးမြှုပ်နှံရန် ပြည်တွင်း လုပ်ငန်းရှင်များ စိတ်ဝင်စားမှု မြင့်တက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ရင်းနှီးမြှုပ်နှံသူ နည်းပါးနေသေးသည့် ရန်ကုန်-ပြည်လမ်းတစ်လျှောက်ရှိ အောင်လံ၊ ရွှေတောင်၊ မင်းလှ အပါအဝင် အခြားဒေသများ၌ပါ ဆိုလာစီမံကိန်းများ မျှဝေတိုးချဲ့ လုပ်ဆောင်ကြရန် တိုက်တွန်းထားသည့်အပြင် မဟာဓာတ်အားလိုင်း မရောက်သေးသည့် ဒေသများတွင်လည်း တစ်ပိုင်တစ်နိုင် သို့မဟုတ် ဒေသတွင်း ချိတ်ဆက် ဖြန့်ဖြူးရေးအဖြစ် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း အသိပေးထားသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဆိုလာစက်ရုံ ၁၂ ရုံအပါအဝင် စက်ရုံအသီးသီးမှ ဓာတ်အား မဂ္ဂါဝပ် ၃,၄၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး ဆိုလာစွမ်းအင် ထုတ်လုပ်မှုမှာ စုစုပေါင်း၏ ၄ ရာခိုင်နှုန်းသာ ရှိသေးကြောင်း သိရသည်။

news-view-count-icon

31