back

ဗဟိုဘဏ်က စားသုံးဆီ တင်သွင်းသူများသို့ အမေရိကန်ဒေါ်လာ ၄ သန်းကျော် ရောင်းချ

Jul 22 • 10:08 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဗဟိုဘဏ်က စားသုံးဆီ တင်သွင်းသူများသို့ အမေရိကန်ဒေါ်လာ ၄ သန်းကျော် ရောင်းချ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၄ သန်းကျော်ကို စားသုံးဆီ တင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းခ...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၄ သန်းကျော်ကို စားသုံးဆီ တင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့သည့်အပြင် CMP ကုမ္ပဏီများထံသို့လည်း အမေရိကန်ဒေါ်လာ ၁၃၇,၄၀၄ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ဗဟိုဘဏ်၏ FX Trading အစီအစဉ်တွင် စက်သုံးဆီကဏ္ဍက ၅၁ ရာခိုင်နှုန်းဖြင့် အများဆုံး ဝယ်ယူခဲ့ပြီး စားသုံးဆီကဏ္ဍက ၂၂ ရာခိုင်နှုန်းဖြင့် ဒုတိယ အများဆုံး ဝယ်ယူခဲ့ကြောင်း၊ ကျန်အစိတ်အပိုင်းများကို ဆေးဝါး၊ စက်မှုကုန်ကြမ်းနှင့် အခြား အရေးကြီး ကုန်စည်များအတွက် ရောင်းချပေးခဲ့ခြင်းဖြစ်ကာ ပြည်တွင်း လိုအပ်သည့် နိုင်ငံခြားငွေများကို ဆက်လက် ရောင်းချပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

news-view-count-icon

29