ဂျပန်နိုင်ငံသို့ တင်ပို့နေသည့် မြန်မာနိုင်ငံထုတ် ငရုတ်သီးမှုန့်၊ ငရုတ်ပွနှင့် ငရုတ်သီးခြောက် (အနီရောင်) ပါဝင်သော အစားအသောက်များအပေါ် Aflatoxin (မှိုအဆိပ်) ပါဝင်မှု ရှိ၊ မရှိကို ဂျပန်အစိုးရက ဆက်လက် စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) က ထုတ်ပြန်ခဲ့သည်။ ဂျပန်နိုင်ငံ၏ စားသုံးသူ ဘေးကင်းလုံခြုံရေး သတ်မှတ်ချက်များအရ Total Aflatoxin ပါဝင်မှုကို ဆက်လက် စစ်ဆေးသွားမည်ဖြစ်ပြီး အချို့သော တင်သွင်းသည့် ကုမ္ပဏီများအပေါ် ကန့်သတ်ချက်များ ချမှတ်ထားသဖြင့် ဂျပန်ဈေးကွက်သို့ တင်ပို့နေသည့် ကုန်သည်များနှင့် ထုတ်လုပ်သူများအနေဖြင့် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် အထူးဂရုပြု ဆောင်ရွက်ကြရန် MFVP က တိုက်တွန်းထားကြောင်း သိရသည်။
ဂျပန်နိုင်ငံက မြန်မာ့ငရုတ်သီး ထုတ်ကုန်များတွင် Aflatoxin (မှိုအဆိပ်) ပါဝင်မှု ရှိ/မရှိ ဆက်လက် စောင့်ကြည့် စစ်ဆေးမည်
Jul 22 • 9:40 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


