back

မြန်မာပြည်တွင်း လမ်းခရီးကြန့်ကြာမှုကြောင့် နာနတ်သီးများ ပုပ်သိုးပြီး ဈေးကောင်းမရ

Jul 22 • 9:36 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာပြည်တွင်း လမ်းခရီးကြန့်ကြာမှုကြောင့် နာနတ်သီးများ ပုပ်သိုးပြီး ဈေးကောင်းမရ

သယ်ယူပို့ဆောင်ရေး အခက်အခဲနှင့် လမ်းခရီး ကြန့်ကြာမှုများကြောင့် ကချင်၊ ရှမ်းနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့မှ မန္တလေးဈေးကွက်သို့ တင်ပို့သည့် နာနတ်သီးများ ပု...

သယ်ယူပို့ဆောင်ရေး အခက်အခဲနှင့် လမ်းခရီး ကြန့်ကြာမှုများကြောင့် ကချင်၊ ရှမ်းနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့မှ မန္တလေးဈေးကွက်သို့ တင်ပို့သည့် နာနတ်သီးများ ပုပ်သိုးပျက်စီးမှု မြင့်တက်ကာ ဈေးကောင်းမရသဖြင့် ကုန်သည်များနှင့် တောင်သူများ အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။ နယ်မြေအခြေအနေများကြောင့် ယခင်က ရက်ပိုင်းအတွင်း ရောက်ရှိသည့် နာနတ်သီးများမှာ လက်ရှိတွင် ၃ ရက်မှ ၅ ရက် (အချို့ ၇ ရက်အထိ) ကြာမြင့်နေပြီး စုပြုံကျပ်တည်းစွာ ထုပ်ပိုး သယ်ဆောင်ရခြင်းကြောင့် ပျက်စီးမှု ပိုမိုများပြားလာခြင်း ဖြစ်သည်။ ယခင်နှစ် အလားတူကာလက နာနတ်သီးတစ်လုံးလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်အထိ ရရှိခဲ့သော်လည်း ယခုနှစ်တွင် အရည်အသွေးကောင်းပင် ကျပ် ၁,၅၀၀ မှ ၂,၀၀၀ ဝန်းကျင်သာ ရရှိတော့ပြီး ပုပ်သိုးပျက်စီးသီးများမှာ ကျပ် ၃၀၀ မှ ၅၀၀ ဝန်းကျင်ဖြင့်သာ ရောင်းချနေရကြောင်း သိရသည်။

news-view-count-icon

23