လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ဓာတ်အားလေလွင့်ဆုံးရှုံးမှု လျှော့ချရေးနှင့် စနစ်တကျ ဖြန့်ဖြူးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး အင်းတကော်စက်မှုနယ်မြေရှိ စက်ရုံ၌ ခေတ်မီ ဒစ်ဂျစ်တယ် Smart Meter များကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ဇူလိုင် ၂၀ ရက်တွင် အဆိုပါစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် Hardware/Software အဆင့်မြှင့်တင်ရန်၊ သဘာဝဓာတ်ငွေ့နှင့် ရေမီတာများကိုလည်း ဒစ်ဂျစ်တယ်စနစ်ဖြင့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းရန် လမ်းညွှန်ခဲ့သည့်အပြင် YESC ရုံးချုပ်၌ တွေ့ဆုံစဉ် နည်းပညာသုံး၍ ဓာတ်အားလေလွင့်မှု ထိန်းချုပ်ရန်နှင့် Call Center များအနေဖြင့် ပြည်သူများ၏ တိုင်ကြားမှုများကို စိတ်ရှည်စွာ ဝန်ဆောင်မှုပေးရန် မှာကြားခဲ့သည်။
| 30 | 0 | 0 | 0 |


