တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်သည့် (၉၉) နှစ်မြောက် အခမ်းအနားကို ဇူလိုင် ၂၁ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ Novotel Max ဟိုတယ်၌ ကျင်းပခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူး Senior Colonel Qu Zhe က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ တရုတ်သံအမတ်ကြီးနှင့် စစ်သံမှူးတို့က အထိမ်းအမှတ် ကိတ်မုန့်လှီးဖြတ်ကာ တက်ရောက်လာသူများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
Jul 22 • 9:30 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


