back

ရှေးဟောင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းဗီဒီယိုများကို ဒီဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းထားရှိ

Jul 22 • 8:52 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရှေးဟောင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းဗီဒီယိုများကို ဒီဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းထားရှိ

ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအောက်ရှိ ဖလင်ပိဋကတ်တိုက်နှင့် လူထုအခြေပြု ဗဟိုဌာန (ဗဟန်း) သို့ ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း သွားရောက် ...

ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအောက်ရှိ ဖလင်ပိဋကတ်တိုက်နှင့် လူထုအခြေပြု ဗဟိုဌာန (ဗဟန်း) သို့ ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း သွားရောက် ကြည့်ရှုစစ်ဆေးစဉ် ရှေးဟောင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းဗီဒီယိုများကို ဒီဂျစ်တယ်စနစ်ဖြင့် စနစ်တကျ ထိန်းသိမ်းထားရှိကြောင်း သိရသည်။ ပြည်သူများနှင့် အနီးကပ်ဆုံး ထိတွေ့ရသည့် ဌာနဖြစ်သည်နှင့်အညီ ပြည်သူများအတွက် အကျိုးရှိမည့် ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့် ဆောင်ရွက်ရန်နှင့် လူထုအခြေပြု ဗဟိုဌာနများကို ပြည်သူများ အားကိုးယုံကြည်ရသည့် ဗဟိုချက်နေရာများ ဖြစ်လာစေရန် ကြိုးပမ်းကြရန် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

21